FANDOM


Brook လို့ခေါ်တဲ့ Dead Bones Brook ကတော့ အသက် 88 နှစ်အရွယ် တေးဂီတပညာရှင်အိုတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အရိုးခြောက်ပါ။ Revive-Revive Fruit လို့ခေါ်တဲ့ paramecia Devil Fruit ကိုစားပြီးတော့ အသက်ပြန်ရှင်လာခဲ့တာပါ။ အဲ့ဒီ အသီးက စားထားတဲ့သူကို ဒုတိယဘဝ ထပ်ပေးတာပါ။ သူက ဘယ်တူရိယာကိုမဆိုတီးမှုတ်နိုင်တဲ့ ပြီးပြည့်စုံတဲ့ musician တစ်ယောက်ပါ။ တိုက်ခိုက်မှုတွေမှာလဲ Shikomizue လို့ခေါ်တဲ့ ဂျပန်ကြိမ်ဓားကိုအသုံးပြုနိုင်တဲ့ ကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်လဲဖြစ်ပါတယ်။ သူ့ရဲ့ပေါ့ပါးတဲ့အရိုးခန္ဓာကိုယ်ဟာ သူ့ကို အလွန့်အလွန်မြင့်တဲ့အမြင့်ကိုခုန်နိုင်စေခဲ့ပါတယ်။ နောက်ပြီး ရေပေါ်မှာလည်းဖြတ်သန်းသွားလာလို့ရပါတယ်။ Brook ရဲ့ အရင်အဖွဲ့ဖြစ်တဲ့ Rumbar Pirates တွေ Grand Line ထဲကိုဝင်သွားတဲ့အခါမှာ သူတို့ဟာ သူတို့ချစ်လှစွာသော ဝေလငါးလေး “Laboon” ကို Reverse Mountain မှာထားခဲ့ပြီးတော့ ကမာ္ဘတစ်ဝန်းရွက်လွှင့်ပြီးတဲ့အခါမှာ ပြန်လာမယ်လို့ ကတိပေးခဲ့ပါတယ်။ အနှစ်ငါးဆယ်ကြာတဲ့အခါမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူအဖြစ်တဲ့ သူ့အဖွဲ့ဟောင်းရဲ့ကတိကိုဖြည့်ဆည်းဖို့အတွက် သူ့တာဝန်ဖြစ်လာခဲ့ပါတယ်။ Brook ရဲ့ လက်ရှိ Bounty ကတော့ 33,000,000 Berries ပဲဖြစ်ပါတယ်။

Ad blocker interference detected!


Wikia is a free-to-use site that makes money from advertising. We have a modified experience for viewers using ad blockers

Wikia is not accessible if you’ve made further modifications. Remove the custom ad blocker rule(s) and the page will load as expected.

Also on FANDOM

Random Wiki