FANDOM


Franky ဖြစ်သလို Cyborg Franky လို့လည်းသိကြတာကတော့ အဖွဲ့ထဲက အသက် 34 နှစ်ရှိပြီဖြစ်တဲ့ သင်္ဘောပြင်တဲ့သူတစ်ယောက်ပါ။ အသက်ဆယ်နှစ်အရွယ်မှာ သူ့ရဲ့ ပင်လယ်ဓါးပြ မိဘတွေ စွန့်ပစ်ထားခဲ့ပြီးနောက် Iceburg မှာနေရင် သင်္ဘောပြင်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ Tom ရဲ့ အလုပ်သင်တပည့်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ Gol D. Roger ရဲ့သင်္ဘော “Oro Jackson” ကိုတည်ဆောက်ခဲ့တဲ့အတွက် Government ကနေ Criminal အဖြစ် Tom ကိုဖမ်းသွားတဲ့အချိန်တည်းက သူတို့ကိုရပ်ဖို့ Franky ကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့ပေမယ့်လည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့အတွက် Franky ဟာ အသက်ရှင်ဖို့အတွက် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သတ္ထုတွေနဲ့ အစားထိုးခဲ့ရပြီး cola-powered cyborg တစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့်လဲ Franky ရဲ့ အစားထိုးခန္ဓာကိုယ်က သူ့ကို super-human strength ပေးလိုက်ပါတယ်။ အရှေ့ဘက်က ကြီးမားတဲ့အကာအကွယ်ဖြစ်ပြီးတော့ တိုက်ခိုက်မှုတော်တော်များများကို ဂရုမမှုပါဘူး ဒါပေမယ့် သူ့ရဲ့အနောက်ဘက်ကတော့ သူမပြင်နိုင်ခဲ့တဲ့အတွက် ထိခိုက်နိုင်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ဟာလည်း လက်နှက်ပေါင်းများစွာ တပ်ဆင်ထားပါတယ်။ သေနတ်တွေနဲ့ ရှည်ထုတ်နိုင်တဲ့ ညာဘက်လက်လည်းပါပါတယ်။ သူ့ရဲ့အစာအိမ်ဟာလည်း ရေခဲသတ္တာလိုပဲ Cola ပုလင်း သုံးပလင်းလောက်ကို ထည့်ထားနိုင်ပြီး လောင်စာအဖြစ် သူ့တိုက်ခိုက်မှုတွေမှာအသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ပုံသဏ္ဍာန်ဟာလဲ သူ့ရေထဲသေတ္တာထဲထည့်ထားတဲ့ ဖျော်ရည်လိုမျိုး ပုံစံဖြစ်နေပါတယ်။ Coup de Vent လို့ခေါ်တဲ့ သူ့လက်မောင်းကိုဝှေ့ရမ်းပြီး စွမ်းအားပြင်းထန်တဲ့ လေအားတွေကို ချက်ခြင်း ထုတ်နိုင်တဲ့ Cola ပမာဏကိုသုံးနိုင်စွမ်းရှိပါတယ်။ သေမလိုဖြစ်ပြီးတဲ့နောက်မှာ Franky ဟာ သူ့ရဲ့ငယ်နာမည် Cutty Flam ကိုဖျောက်ပစ်လိုက်ပြီး Underground boss Franky အဖြစ်နေထိုင်ခဲ့ပါတယ်။ သူ့အိမ်မက်ကတော့ သင်္ဘောတစ်စီးတည်ဆောက်မယ်။ အဲ့သင်္ဘောရဲ့ Shipwright အဖြစ်နေရင်း ကမာ္ဘကြီးရဲ့အဆုံးကိုရွက်လွှင့်ချင်တာပါ။ နောက်ဆုံးမှာ သူဟာ Straw Hat Pirates တွေရဲ့ ဒုတိယသင်္ဘော “Thousand Sunny” ကိုတည်ဆောက်ခဲ့ပြီးတော့ အဖွဲ့ထဲကိုဝင်ခဲ့ပါတယ်။ Franky ဟာ သူအကြိုက်ဆုံးစကားလုံး “SUPER” ကိုပြောရင် ကြံခိုင်တဲ့ပုံသဏ္ဍာန်နေလေ့ရှိပါတယ်။ ဒါပေမယ့်လည်း Franky ဟာ စိတ်ခံစားလွယ်ပြီး မျက်ရည်ဝဲလေ့ရှိပါတယ်။ ဒါပေမယ့် မငိုခဲ့ပါဘူး။ Franky ရဲ့လက်ရှိ Bounty ကြေးကတော့ 44,000,000 Berries ဖြစ်ပါတယ်။