FANDOM



Nico Robin ကတော့ Devil Child လို့ World Government က နာမည်ပေးထားတဲ့ 28 နှစ်အရွယ် ရှေးဟောင်းသုတေသနပညာရှင်ပဲဖြစ်ပါတယ်။ ကမာ္ဘအကြီးဆုံးနဲ့သက်တမ်းအရှည်ဆုံး စာကြည့်တိုက်တည်ရှိတဲ့ Ohara ကျွန်းမှာတစ်ယောက်ထဲကြီးပြင်းလာခဲ့ရတဲ့အတွက် Robin ဟာ အသက်ရှစ်နှစ်အရွယ်ကတည်းက archaeologist တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကမာ္ဘတစ်ဝှမ်းပျံ့နှံ့နေတဲ့ “Poneglyph” လို့ခေါ်တဲ့ Ancient Stones တွေမှာရေးထားတဲ့ စာတွေကိုဘယ်လိုဘာသာပြန်ရမလဲဆိုတာကိုလေ့လာခဲ့ပါတယ်။ သူ့အမေသေပြီးတော့ Ohara ကို World Government ဖျက်ဆီးပြီးတဲ့နောက်မှာ Robin ဟာ အဲ့ဒီကျောက်တုံးတွေကိုရှာဖွေဖို့အတွက် အနှစ်နှစ်ဆယ်လောက် ပြေးလွှားရင်း, များပြားတဲ့ ပင်လယ်ဓားပြတွေနဲ့အတူတူအလုပ်လုပ်ရင်း Straw Hat Pirates တွေထဲမဝင်ခင် “Ms.All-Sunday” ဆိုတဲ့ Nickname နဲ့ Baroque Works ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Ohara မှာကတည်းက သူမရဲ့အိမ်မက်ဟာ ကမာ္ဘကြီးရဲ့ပျောက်ဆုံးနေတဲ့သမိုင်းကြောင်းကိုပြောပြနိုင်တဲ့ Rio Poneglyph ကိုရှာဖွေပြီးတော့ ဘာသာပြန်ဖို့ပဲဖြစ်ပါတယ်။ သူမဟာ ရှေးဟောင်အနုလက်ရာတွေနဲ့အဆောက်အုံတွေကိုကာကွယ်ဖို့အတွက် သူမရဲ့အသက်ကို စွန့်လွှတ်ဖို့တောင်ဝန်လေးတဲ့သူမျိုးမဟုတ်ပါဘူး။ Robin ဟာ Flower-Flower Fruit လို့ခေါ်တဲ့ paramecia Devil Fruit ကိုစားခဲ့တဲ့အတွက် သူမမြင်သမျှနေရာတွေမှာ ဘယ်နေရာမှာမဆို သူမခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖန်တီးနိုင်ပါတယ်။ အဲ့ဒီ ဖန်တီးထားတဲ့အစိတ်အပိုင်းတွေ နာကျင်ခဲ့ရင် Robin ဟာလည်း သူမရဲ့ ခန္ဓာကိုယ်အစစ်မှာလဲ နာကျင်မှုကိုခံစားရပါတယ်။ Robin ရဲ့လက်ရှိ Bounty ကတော့ 80,000,000 Berries ပါ။