FANDOM


Roronoa Zoro ဖြစ်သလို Pirate Hunter Zoro အဖြစ်နာမည်ကြီးခဲ့တဲ့သူကတော့ အသက် 19 နှစ်အရွယ် ဓားတစ်လက်ကို သူ့ပါးစပ်မှာကိုက်လေ့ရှိတဲ့ ဓားသုံးလက် ကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ကလေးဘဝသူငယ်ချင်းနဲ့ ပြိုင်ဘက်ဖြစ်တဲ့ Kuina နဲ့ပြုလုပ်ခဲ့တဲ့ ကတိပြည့်ဝဖို့အတွက် … Dracule Mihawk ကို အနိုင်ယူပြီး ကမာ္ဘ့ပြိုင်ဘက်မရှိဓားသမားဖြစ်ဖို့လိုချင်ခဲ့ပါတယ်။ Luffy နဲ့ မပေါင်းမိခင်တုန်းက Zoro ဟာ အသက်ရှင်ဖို့အတွက် Bounty Hunting လုပ်ခဲ့ပါတယ်။ သူဟာ ကြိုးပေးကွင်းကနေလွယ်မြောက်ဖို့အတွက် အလဲအလှယ်အဖြစ် Luffy ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ Zoro ဟာ Luffy က သူနဲ့ သူ့ရဲ့ အိမ်မက်ကိုနားလည်တဲ့ Captain ဖြစ်ကြောင်းသိခဲ့ပါတယ်။ သူက Captain ကသူ့အိမ်မက်ပြည့်ဝဖို့မကူညီရင် သူကလည်း Captain ရဲ့ အိမ်မက် ပြည့်ဝဖို့မကူညီဘူးလို့ပြောခဲ့ပါတယ်။ သူ့ရဲ့ Enormous Physical Strength က အိမ်တစ်လုံးက မ တင် ဖို့လောက်အထိကို ကြီးမာပါတယ်။ ပုံမှန်မဟုတ်တဲ့ လူလွန်တစ်ယောက်ပေါ့။ Baroque Works ရဲ့ Officer Agent Mr.1 (Daz Bonez) နဲ့တိုက်ခိုက်တုန်းက သူဟာ Solid Steel ကိုဘယ်လိုဖြတ်ရမလဲ တတ်မြောက်ခဲ့ပါတယ်။ သူဟာ “Asura” technique ကိုတတ်မြောက်ခဲ့ပါတယ်။ အဲ့ဒါက သူ့ကို ခေါင်းသုံးလုံးနဲ့လက်ကိုးချောင်း .. စုစုပေါင်း ဓားကိုးချောင်းဖြစ်စေခဲ့ပါတယ်။ နောက်ပြီးတော့ Zoro ဟာ သူ့လက်မောင်းရဲ့ muscle mass ကို တိုးနိုင်ပါတယ်။ Zoro ဟာ Geographical Directions တွေကို နားလည်တဲ့နေရာမှာ ညံ့ဖျင်းတဲ့အတွက် အမြဲတမ်းလမ်းပျောက်လေ့ရှိပါတယ်။ Zoro ဟာ အားတိုင်းအိပ်လေ့ရှိပြီး သောက်ရတာကို နှစ်သက်ပါတယ်။ Zoro ရဲ့ လက်ရှိ Bounty ကြေးကတော့ 120,000,000 Berries ရှိပါတယ်။

Ad blocker interference detected!


Wikia is a free-to-use site that makes money from advertising. We have a modified experience for viewers using ad blockers

Wikia is not accessible if you’ve made further modifications. Remove the custom ad blocker rule(s) and the page will load as expected.

Also on FANDOM

Random Wiki