FANDOM


Shichibukai ဆိုတာကတော့ အရင်ကထင်ရှားတဲ့ ထိပ်သီး Pirate တွေဟာ Government လက်အောက်သို့ခို၀င်သွားပြီးနောက်ပိုင်း Government အခြေပြု Pirate များအဖြစ် ရှင်သန်နေကြသောသူများဖြစ်ကြပါတယ်။ ၄င်းတို့မှာ Government အခြေပြု pirate များဖြစ်ကြသော်လည်း များသောအားဖြင့် Government မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းအလျဉ်းမရှိကြပါဘူး။ ( government မှ စက်ရုပ် ရုပ်သေးအဖြစ်ပြောင်းလဲထားသောBartholomew Kuma မှလွဲ၍ ) ။ ရံဖန်ရံခါမှသာ Government ရဲ့ objective များကိုလိုက်နာဆောင်ရွက်လေ့ရှိကြပါတယ်။ ဒါကြောင့် သာမန် pirate များနဲ့ ထူးမခြားနားလုပ်ဆောင်လေ့ရှိကြသော်လည်း pirate အများစုကတော့ Government ရဲ့လက်ပါးစေ များအနေနဲ့ ယူဆသတ်မှတ်ကြပါတယ်။