FANDOM



Tony Tony Chopper ဖြစ်သလို “Cotton Candy Love” Chopper လိုလည်း အသိများတာကတော့ အဖွဲ့ထဲက အသက် 15 နှစ်အရွယ် ဆရာဝန်လေးပါ။ သူက နှာခေါင်းပြာတဲ့ Reindeer ဖြစ်ပါတယ်။ Human-Human Fruit လို့ခေါ်တဲ့ zoan Devil Fruit ကိုစားပြီးတော့ လူတစ်ယောက်အသွင်ပြောင်းလဲလို့ရလာခဲ့ပါတယ်။ ဒီအသီးရဲ့ Abitily ကတော့ သူ့ကို ပုံသဏ္ဍာန်သုံးမျိုးကိုပြောင်းနိုင်တာပါ။ သူ့ရဲ့ ပထမနဲ့ မူလ ပုံစံကတော့ reindeer ပါ။ ဒုတိယ ပုံစံကတော့ လူသားကလေးတစ်ယောက်အရွယ်ဖြစ်စေပါတယ် … ဒါပေမယ့် ဦးချိုတွေ, ခွာတွေတော့ကျန်ရှိနေပါသေးတယ်။ တတိယပုံသဏ္ဍာန်ကတော့ အမွေးထူနဲ့ ရဲရင်တဲ့လူကြီးပဲဖြစ်ပါတယ်။ ပုံသဏ္ဍာန်တွေကိုထပ်ပြောင်းလို့ရဖို့အတွက် Chopper က Rumble Ball လို့ခေါ်တဲ့ ဆေးတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ အဲ့ဒါက သုံးမိနစ်အတွင်းမှာ သူ့ကို နောက်ထပ် ပုံစံလေးမျိုးပြောင်းလို့ရစေပါတယ်။ အဲ့ဒီပုံစံတွေက သူရဲ့ Physical စွမ်းအားတွေကိုပိုပြီးတော့ Focus လုပ်နိုင်စေပါတယ်။ Guard, horn, jumping နဲ့ Arm point လေးခုနဲ့ မူလရှိပြီးသား Walk, Brain နဲ့ Heavy Points တွေကိုပျက်စီးစေတဲ့အချက်တွေလဲရှိပါတယ်။ အကယ်၍ Chopper ဟာ ဒုတိယမြောက် Rumble Ball ကို ခြောက်နာရီအတွင်းစားခဲ့ရင် Chopper ဟာ သူ့ရဲ့ Transformations ကိုထိန်းလို့မရတော့ပါဘူး။ ထပ်ပြီးတော့ ပထမ Rumble Ball စားပြီးလို့ ခြောက်နာရီအတွင်း သုံးခုမြောက် Rumble Ball ကိုပါထပ်စားခဲ့မယ်ဆိုရင်တော့ Chopper ဟာ ထူးခြားကြောက်မက်ဖွယ်ကောင်းတဲ့ပုံသဏ္ဍာန်ကိုပြောင်းလဲသွားပြီး အသိဉာဏ်ကင်းမဲ့သွားစေတဲ့ Monster Point လို့ခေါ်ပါတယ်။ သူဟာ တခြား တိရစာ္ဆန်တွေပြောတဲ့စကားကိုနားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ်တိုင်က တိရစာ္ဆန်ဖြစ်နေတာလေ။ သူဟာ သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်နိုင်စွမ်းလည်းမရှိပါဘူး။ Chopper ရဲ့ လက်ရှိ Bounty ကတော့ 50 Berries ပါ။