FANDOM


Usopps ဖြစ်သလို Sogeking (sniper king) လို့အမည်တွင်တာကတော့ အသက် 17 နှစ်အရွယ် အပစ်အခတ်ကျွမ်းကျင်တဲ့သူပဲဖြစ်ပါတယ်။ သူဟာ လူလိမ်တစ်ယောက်ဖြစ်သလို တီထွင်သူတစ်ယောက်ဖြစ်ပါတယ်။ ပုံဆွဲတော်တဲ့သူတစ်ယောက်ဖြစ်သလို Sculptor တစ်ယောက်လဲဖြစ်ပါတယ်။ သူ့ရဲ့ မူလ လက်နှက်ကတော့ လေးခွပဲဖြစ်ပါတယ်။ သူဟာ များပြားတဲ့အရာတွေကို ပစ်ဖို့အတွက်အသုံးပြုပါတယ်။ ကြက်ဥပုပ်ကအစ Shuriken အဆုံး၊ ငရုတ်ရည် အပါအဝင် မီးတောက်လွယ်ပြီး ပေါက်ကွဲလွယ်တာတွေကိုသုံးပါတယ်။ နောက်ပိုင်းမှာ Usopp ဟာ ကြီးမားတဲ့ Dial-power ကိုသုံးထားတဲ့လေးခွကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကို သူက Kabuto ကိုခေါ်ပါတယ်။ အဲ့ဒါက သေနတ်တွေထက်တောင် အကွာအဝေးများများပစ်လို့ရပါတယ်။ Usopp အရမ်းငယ်ငယ်လေးကတည်းက သူ့အဖေ Yasopp က မိသားစုကိုထားခဲ့ပြီးတော့ Pirate ဖြစ်သွားခဲ့ပါတယ်။ အဲ့နောက်မှာ Usopp ရဲ့အမေ Banchina ဟာ ဖျားခဲ့ပါတယ်။ Usopp ဟာ စတင်လိမ်ညာလာခဲ့ပြီး သူ့အဖေ ပြန်လာကြောင်းနဲ့ သူတို့သားအမိနှစ်ယောက်ကို လာခေါ်ကြောင်း လိမ်ညာနေခဲ့ပါတယ်။ သူ့အမေသေသွားတဲ့အချိန်မှာ Usopp ဟာ ဝမ်းနည်းနေပေမယ့်လည်း ဆက်ပြီး လိမ်ညာနေခဲ့ပါတယ်။ အဲ့ဒီအတွက် သူ့အတွက် သူ့ကိုထားခဲ့တဲ့အတွက် ဝမ်းမနည်းသလို အဲ့ဒါကိုပဲသူက ဂုဏ်ယူနေခဲ့တာပါ။ နောက်ပိုင်း Luffy, Zoro, Nami နဲ့တွေ့ပြီးတော့ ပင်လယ်ထဲကိုထွက်လာခဲ့ပါတယ်။ သူ့အိမ်မက်အတိုင်း Barave warrior of the Sea ဖြစ်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့အားနည်းချက်က ခွန်အားကြီးတဲ့ ရန်သူက သူ့ကို တိုက်ခိုက်တာပဲဖြစ်ပါတယ်။ သူရဲ့ အဖွဲ့ဟာ Admiral Aokiji နဲ့ Marines တွေရဲ့ နှိမ်နှင်းမှုကိုခဲ့ရတဲ့အချိန်မှာ Luffy ဟာ အလွန် ဒဏ်ရာများနေတဲ့ Straw Hat ရဲ့ ပထမဆုံး သင်္ဘောဖြစ်တဲ့ Going Merry ကိုအစားထိုးခဲ့ပါတယ်။ အဲ့ဒီသင်္ဘောက Usopp ရဲ့လိမ်ညာစကားတွေနဲ့ပျော်ရွှင်နေခဲ့တဲ့ သူ့သူငယ်ချင်းကောင်မလေး Kaya က သူတို့ကို ပေးခဲ့တာပါ။ Usopp က အဲ့ဒီအတွက် သူ့အဖွဲ့ထဲကနေ ခဏတာ ထွက်သွားခဲ့ပါတယ်။ Usopp ရဲ့ လက်ရှိ Bounty ကြေးကတော့ 30,000,000 Berries ပဲဖြစ်ပါတယ်။

Ad blocker interference detected!


Wikia is a free-to-use site that makes money from advertising. We have a modified experience for viewers using ad blockers

Wikia is not accessible if you’ve made further modifications. Remove the custom ad blocker rule(s) and the page will load as expected.

Also on FANDOM

Random Wiki